ကိုရီးယားနိုင်ငံ ဆိုးလ်မြို့​တော်ရှိ Asean Korea Centre တွင် ပြုလုပ်မည့် လက်မှုနှင့် အနုပညာထုတ်ကုန်ပစ္စည်းများပြပွဲ

စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာနမှတဆင့် ဖိတ်ကြားလာသည့် ကိုရီးယားနိုင်ငံဆိုးလ်မြို့​တော်ရှိ Asean Korea Centre တွင် သြဂုတ်လ (၂၆) ရက်မှ (၂၈) ရက်​နေ့အထိ ပြုလုပ်မည့် အာဆီယံအဖွဲ့ဝင်နိုငံများအနက် တကြိမ်လျှင် အဖွဲ့ဝင်နှစ်နိုင်ငံစီ ပူးတွဲခင်းကျင်းပြသရန် သတ်မှတ်​ပေးထားသည့်အ​ပေါ် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ အလှည့်ကျဖြစ်သည့်အတွက် လက်မှုနှင့် အနုပညာထုတ်ကုန်ပစ္စည်းများအား ပြပွဲတွင် သွား​ရောက်ခင်းကျင်းပြသရန် "မြန်မာ့လက်မူအနုပညာအသင်း" MACA ဥက္ကဌမှ ဦး​ဆောင်မူ့ပြုကာ ဒုဥက္ကဌ (၁)၊ (၂)၊ ဘဏ္ဍာရေးမှူးတို့နှင့်အတူ အလုပ်အမူ​ဆောင်နှင့် အသင်းသားလုပ်ငန်းရှင်များမှ (၂၅) ရက်​နေ့ မနက်ခင်းအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ​မင်္ဂလာဒုံ​လေဆိပ်မှ ထွက်ခွာသွားကြပါသည်။