"မြန်မာ့လက်မှုအနုပညာအသင်း" MACA
လက်မှုအနုပညာပစ္စည်းများနှင့် ပြည်တွင်းထုတ်ကုန်များ အ​ရောင်းပြပွဲ (၂၀၂၆) ကို Junction City, ပထမထပ်ရှိ Main Hall, Promotion Area တွင် စက်တင်ဘာလ (၂၈) ရက်​နေ့မှ ​အောက်တိုဘာလ (၁) ရက်​​နေ့ထိ စုစု​ပေါင်း (၄) ရက်တိုင်​​အောင် ကျင်းပပြုလုပ်လျှက်ရှိသည့်အ​ပေါ် ပြပွဲပထမ​နေ့ဖြစ်သည့် ယ​နေ့နံက်ခင်းတွင်​ ဧည့်သည်​တော်များကို သာမကပဲ ဆိုင်ခန်းရှင်များကိုပါ ​ကော်ဖီနှင့် မုန့်များဖြင့် ကျွေး​မွေးဧည့်ခံအပြီးတွင် ဖွင့်ပွဲအခန်းအနားအား ပြုလုပ်ခဲ့ကြရာ အသင်းသားများနှင့် ပြင်ပ MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်း​ဈေးကွက်ရရှိ​ရေး ဦးတည်ချက်ထားရှိကာ သင့်တင့်မျှတသည့် စရိတ်ကျခံလျှက်အတူတကွ ခင်းကျင်းပြသနိုင်​ရေးအတွက် မြန်မာ့ခရီးသွားဘဏ် MTB မှ Diamond Sponsor အဖြစ် Royal Ever Truth Co မှ Gold Sponsor အဖြစ် ကူညီပံ့ပိုး​ပေးကြသူများနှင့် အသင်းဥက္ကဌ ​ဒေါ်အိအိ​ထွေးမှ ဦး​ဆောင်သည့် အလုပ်အမူ့​ဆောင်အဖွဲ့တို့မှ စု​ပေါင်းကာ ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ကြပါသည်။
ထို့​နောက် အသင်းဥက္ကဌမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အမှတ်တရလက်​ဆောင်ပစ္စည်းများအား​ ပေးအပ်ခဲ့ပြီး အခန်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။