
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတဆင့် ဖိတ်ကြားလာသည့် ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်ရှိ Asean Korea Centre တွင် သြဂုတ်လ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ ပြုလုပ်မည့် အာဆီယံအဖွဲ့ဝင်နိုငံများအနက် တကြိမ်လျှင် အဖွဲ့ဝင်နှစ်နိုင်ငံစီ ပူးတွဲခင်းကျင်းပြသရန် သတ်မှတ်ပေးထားသည့်အပေါ် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ အလှည့်ကျဖြစ်သည့်အတွက် လက်မှုနှင့် အနုပညာထုတ်ကုန်ပစ္စည်းများအား ပြပွဲတွင် သွားရောက်ခင်းကျင်းပြသရန် "မြန်မာ့လက်မူအနုပညာအသင်း" MACA ဥက္ကဌမှ ဦးဆောင်မူ့ပြုကာ ဒုဥက္ကဌ (၁)၊ (၂)၊ ဘဏ္ဍာရေးမှူးတို့နှင့်အတူ အလုပ်အမူဆောင်နှင့် အသင်းသားလုပ်ငန်းရှင်များမှ (၂၅) ရက်နေ့ မနက်ခင်းအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်မှ ထွက်ခွာသွားကြပါသည်။